စက်မှုဝန်ကြီးဌာန၊ ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (United Nations Industrial Development Organization – UNIDO) နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ စက်မှုလုပ်ငန်း/စီးပွားရေးလုပ်ငန်းများတွင် စွမ်းအင်စနစ် အထိရောက်ဆုံး အသုံးပြုခြင်းဆိုင်ရာ (Energy System Optimization) သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ Compressed Air Energy System Optimization (CASO) User Level (၂) ရက် သင်တန်းများကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။
(က) အမှတ်စဉ် (၄) ၂၄ – ၁၀ – ၂၀၁၆ (တနင်္လာ) မှ ၂၅ – ၁၀ – ၂၀၁၆ (အင်္ဂါ )
(ခ) အမှတ်စဉ် (၅) ၂၇ – ၁၀ – ၂၀၁၆ (ကြာသပတေး) မှ ၂၈ – ၁၀ – ၂၀၁၆ (သောကြာ)
တို့တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အမှတ် ၃၅-ဘီ/၁၅၊ စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန သင်တန်းခန်းမ၌ International Expert မှ နံနက် ၈:၃၀ နာရီ မှ ညနေ ၄:၃၀ နာရီအထိ သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။
Compressed Air အသုံးပြုသည့် ပုဂ္ဂလိက/အစိုးရ စက်ရုံများမှ အင်ဂျင်နီယာများ၊ Operator များ၊ စွမ်းအင်ကုန်ကျစရိတ် လျှော့ချလိုသော စက်ရုံ/အလုပ်ရုံများ၊ မိမိဝန်ထမ်းများအား စွမ်းအင်မန်နေဂျာများအဖြစ် လေ့ကျင့်ပေးလိုသော စက်ရုံ/အလုပ်ရုံများ၊ စွမ်းအင်မန်နေဂျာအဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊ စွမ်းအင်စနစ် အထိရောက်ဆုံး အသုံးပြုခြင်းဆိုင်ရာ Energy System Optimization ပညာရပ်ကို စိတ်ပါဝင်စားသူများ၊ မိမိစက်ရုံတွင် Compressed Air Energy အတွက် ကုန်ကျစရိတ်များပြားနေပြီး ၄င်းကုန်ကျစရိတ်ကို လျှော့ချလိုသူများ တက်ရောက်နိုင်ပါသည်။ User နှင့် Expert Level သင်တန်းများ တက်ရောက် အောင်မြင်ပြီးပါက Compressed Air System Optimization Expert အဖြစ် အသက်မွေးဝမ်းကြောင်း ပြုလုပ်နိုင်သည့် အခွင့်အလမ်းများ ရှိပါသည်။
သင်တန်းတွင် ကနေဒါနိုင်ငံသား Compressed Air System Expert မှ စက်ရုံ၏ Compressed Air System Optimization အတွက် လိုအပ်ချက်များကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် စိတ်ပါဝင်စား တက်ရောက်လိုသူများသည် Application form ကို www.ieemyanmar.com/?page_id=4452 တွင် download ရယူဖြည့်စွက်၍ e-mail T.OO@unido.org , A.ZIN@unido.org သို့ ပေးပို့နိုင်သည်။ သို့မဟုတ် ဖုန်းနံပါတ် 09-5190979, 09-421131085 များသို့ ၁၉-၁၀-၂၀၁၆ (ဗုဒ္ဓဟူး) ရက်နေ့ နောက်ဆုံးထား ဆက်သွယ်၍ အမည်စာရင်း ပေးသွင်းနိုင်ပါသည်။
သတ်မှတ်အရည်အချင်းများ
(က) အင်ဂျင်နီယာဖြင့် ဘွဲ့ရရှိထားသူ (Bachelors in Engineering) (သို့မဟုတ်) Compressed Air System ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၂) နှစ်နှင့်အထက်ရှိသူ။
(ခ) အင်္ဂလိပ်ဘာသာဖြင့် နားလည်ပြောဆိုနိုင်သူဖြစ်လျှင် ပိုကောင်းပါသည်။
Copy © 2015 All rights reserved. Powered By World Wide Myanmar